Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
တတိယမြောက်နေ့ ဆက်လက်ကျင်းပ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၂ ရက်

  ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာ ကုန်သည် (၁၃၁၆) ဦး၊ ပြည်ပရတနာကုန်သည် (၂၉၆၇) ဦး၊ စုစုပေါင်းရတနာကုန်သည် (၄၂၈၃) ဦးတက်ရောက်ခဲ့ကြပါသည်။

  ၂၃.၆.၂၀၁၈ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲအမှတ် (၁) မှ (၃၃၆) ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်း ပေးသွင်းလွှာများ ထည့်သွင်းခဲ့ကြသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်


ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 


ဓာတ်ပုံ - မြန်မာ့ကျောက်မျက်