Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ပဉ္စမမြောက်နေ့ ဆက်လက်ကျင်းပ
ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၄ ရက်

  ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာ ကုန်သည် (၁၃၆၉) ဦး၊ ပြည်ပရတနာကုန်သည် (၃၀၅၆) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၄၄၂၅) ဦးတက်ရောက်ခဲ့ကြပါသည်။

  ၂၄.၆.၂၀၁၈ ရက်နေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၁၁၅၀) ထိ (၁၁၅၀) တွဲကို  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၉၇၃) တွဲကို တန်ဖိုးယူရို (၃၈.၅၃၁) သန်းဖြင့် ရောင်းချခဲ့ရပြီး အတွဲအမှတ် (၁၁၅၁) မှ (၂၃၀၀) ထိကို ၂၅.၆.၂၀၁၈ ရက်နေ့တွင် ဆက်လက်ရောင်းချမည်ဖြစ်သည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်