Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အကြိမ် (၂၀)နှင့်အထက် တက်ရောက်ခဲ့ကြသော ပြည်ပရတနာကုန်သည်များကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၆ ရက်

  ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာ ကုန်သည် (၁၁၆၄) ဦး၊ ပြည်ပရတနာကုန်သည် (၂၈၄၉) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၄၀၁၃) ဦးတက်ရောက်ခဲ့ကြပါသည်။

  ၂၆.၆.၂၀၁၈ ရက်နေ့ (၁၁:၀၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ အကြိမ် (၂၀) နှင့်အထက် တက်ရောက်ခဲ့ကြသော ပြည်ပရတနာကုန်သည်များကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ (၃၅) ကြိမ်မြောက် တက်ရောက်လာသူ (၂) ဦး နှင့် (၃၀) ကြိမ်မြောက် တက်ရောက်လာသူ (၁) ဦးတို့အား မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းကလည်းကောင်း၊ အကြိမ် (၂၀) မြောက် တက်ရောက်လာသူ(၆) ဦးတို့အား မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာကလည်းကောင်း အသီးသီးဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းရရှိခဲ့ကြသည့် ပြည်ပရတနာကုန်သည်များနှင့် အတူတကွ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

  ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၂၃၀၁) မှ (၃၄၅၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၈၁၈) တွဲကို တန်ဖိုးယူရို (၈၆.၈၆၆) သန်းဖြင့် ရောင်းချခဲ့ရပြီး အတွဲအမှတ် (၃၄၅၁) မှ (၄၆၀၀)ထိကို ၂၇.၆.၂၀၁၈ ရက်နေ့တွင် ဆက်လက်ရောင်းချမည်ဖြစ်သည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်