Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
အဋ္ဌမမြောက်နေ့ ဆက်လက်ကျင်းပ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၇ ရက်

  ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာကုန်သည် (၁၀၂၆) ဦး၊ ပြည်ပရတနာကုန်သည် (၂၆၄၆) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၃၆၇၂) ဦးတက်ရောက်ခဲ့ကြပါသည်။

  ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၃၄၅၁) မှ (၄၆၀၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၈၉၂) တွဲကို တန်ဖိုးယူရို (၅၂.၄၄၁) သန်းဖြင့် ရောင်းချခဲ့ရပြီး အတွဲအမှတ် (၄၆၀၁) မှ (၅၇၅၀)ထိကို ၂၈.၆.၂၀၁၈ ရက်နေ့တွင် ဆက်လက်ရောင်းချမည်ဖြစ်သည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်