Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး
နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၉ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇွန်လ (၂၀) ရက်နေ့မှ (၂၉) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရတနာပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ပြည်ပရတနာကုန်သည် (၃၂၀၉) ဦးနှင့် နိုင်ငံသားရတနာကုန်သည် (၁၉၁၉) ဦး တက်ရောက်ခဲ့ပြီး ပုလဲအတွဲ (၃၆၀) တွဲ တင်ပြရောင်းချခဲ့ရာ (၃၄၁) တွဲကို တန်ဖိုးယူရို (၂.၅၉၈) သန်းဖြင့် လည်းကောင်း၊ ကျောက်မျက်အတွဲ (၃၆၆) တွဲ တင်ပြရောင်းချခဲ့ရာ (၆၉) တွဲကို တန်ဖိုး ယူရို (၁.၃၇၉) သန်း ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ (၆၇၉၅) တွဲ တင်ပြရောင်းချခဲ့ရာ (၅၂၅၉) တွဲကို တန်ဖိုးယူရို (၄၂၃.၁၁၈) သန်းဖြင့်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း အရောင်း စာရင်းထုတ်ပြန်ရေးအဖွဲ့က ၂၉.၆.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် မဏိရတနာကျောက်စိမ်းခန်းမ၊ နဝရတ် ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည်မှတ်ပုံတင်အဆောက်အအုံ၌ အရောင်းစာရင်း ထုတ်ပြန်ပေးခဲ့ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm