Tel: 067409019 | Mail: messenger@e-mining.gov.mm



Australian Volunteers International (AVI) ၏ စီစဉ်ထောက်ပံ့မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း e-Government ကော်မတီက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုသင်တန်းနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇူလိုင် လ ၉ ရက်

  Australian Aid ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းအတွက် Australian Volunteers International (AVI) က စီစဉ်ထောက်ပံ့သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုသင်တန်းနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၉.၇.၂၀၁၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း e-Government ကော်မတီ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း နှင့် တာဝန်ရှိသူများ၊ Australian Volunteers International (AVI) မှ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

  ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုသင်တန်း နည်းပြဆရာ Mr. Shane Anthony Langdon က လည်းကောင်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း နည်းပြဆရာ Dr. Kathleen Violet Hartig က လည်းကောင်း အသီးသီးမိတ်ဆက်စကားများပြောကြားခဲ့ကြပြီး သင်တန်းများဖွင့်လှစ်နိုင်ခဲ့သည့် အခွင့်အလမ်းရရှိခဲ့မှု အခြေအနေများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဒေါ်မေတင်ဇော်ဝင်း က ရှင်းလင်း တင်ပြခဲ့ပါသည်။

  မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများနှင့် အတူတကွစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

  ပတ်ဝန်းကျင်စီမံခန့်ခွဲမှုသင်တန်းသို့ သင်တန်းသား (၁၈) ဦးနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းသို့ သင်တန်းသား (၁၈) ဦး တို့ တက်ရောက်သင်ကြားကြမည်ဖြစ်သည်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုသင်တန်းကာလမှာ (၁)လကြာမြင့်မည်ဖြစ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းကာလမှာ (၁) နှစ်ကြာမြင့်မည်ဖြစ်သည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်