Tel: 067409019 | Mail: messenger@e-mining.gov.mm



သင်တန်းပို့ချမှုပြီးဆုံးပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုသင်တန်း နည်းပြဆရာ Mr. Shane Anthony Langdon အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇူလိုင် လ ၃၀ ရက်

  Australian Aid ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအတွက် Australian Volunteers International (AVI) က စီစဉ်ထောက်ပံ့သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုသင်တန်းနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းများကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

  ယနေ့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအခြေခံပညာရပ်များ သင်ကြားပြသပေးခဲ့သည့် နည်းပြဆရာ Mr. Shane Anthony Langdon အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ၊ Mr. Shane Anthony Langdon နှင့် မိသားစု၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

  ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာက သင်တန်း၌ သင်ကြားပြသပေးခဲ့သည့် ပညာရပ်များနှင့်စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ကိုယ်စား ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် Mr. Shane Anthony Langdon က ကျေးဇူးတင်စကားပြောကြားပါသည်။

  အခမ်းအနားအစီအစဉ်အရ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာက Mr. Shane Anthony Langdon အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ကျောက်ပန်းချီကို ပေးအပ်ခဲ့ပါသည်။ Mr. Shane Anthony Langdon က မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး အခမ်းအနားပြီးဆုံးချိန်တွင် အတူတကွ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်