Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
ကြေညာချက်(၄/၂၀၁၂)
နေပြည်တော်၊ ၁၃၇၄-ခုနှစ် ၊ တန်ဆောင်းမုန်းလပြည့်ကျော် ( ၈ )ရက်
(၂၀၁၂- ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ပေးသွင်းထားသော အာမခံ စပေါ်ငွေများ စာရင်းရှင်းလင်း ပြန်လည်ထုတ်ယူရန်ကိစ္စ
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီသည် နိုင်ငံသား၊ ပုဂ္ဂလိက၊ ကုမ္ပဏီအသင်းများအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေနှင့်အညီ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အဆိုပြုလွှာများကို လက်ခံ၍ ခွင့်ပြုမိန့် ထုတ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂။ ကျောက်မျက်ရတနာ လုပ်ကွက်များခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီသည် နိုင်ငံသား၊ ပုဂ္ဂလိက၊ ကုမ္ပဏီအသင်းများအနေဖြင့် သတ်မှတ်ချက် များနှင့်အညီ အဆိုပြုလွှာများ တင်သွင်းနိုင်ရန် ၂၀၀၀ ပြည့်နှစ်မှစ၍ ကြေညာချက်များဖြင့် သတင်းစာများတွင် ထည့်သွင်း ဖော်ပြ၍ အဆိုပြုလွှာများ ခေါ်ယူခဲ့ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm