Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
အကျိုးတူလုပ်ကွက်(အသစ်)များနှင့်ပတ်သက်သည့်
ကြေညာချက်(၁/၂၀၁၃)
နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း(၁၄)ရက်
(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅)ရက်
၁။ (၈.၁.၂၀၁၃)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၁၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ အစည်းအဝေး ဆုံဖြတ်ချက်အရ ရတနာနယ်မြေ အသီးသီးတွင် နိုင်ငံတော်နှင့် အကျိုးတူကျောက်မျက်၊ ကျောက်စိမ်းလုပ်ကွက်(အသစ်)များ လုပ်ကိုင်ရန် အဆိုပြုလွှာများ တင်ပြ လျှောက်ထားမှုကို လက်ခံဆောင်ရွက်ခြင်းအား (၂၉.၁.၂၀၁၃)ရက်နေ့မှစတင်၍ ရပ်နားထားမည်ဖြစ်ကြောင်း နှင့်အဆိုပြုလွှာများအား ပြန်လည်လက်ခံ ဆောင်ရွက်ပေးမည့်နေ့ရက်ကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm