Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် အိန္ဒိယနိုင်ငံသမ္မတ H.E. Mr. Ram Nath Kovind ၏ဇနီးနှင့် သမီးဖြစ်သူ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့  လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်
၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ  ၁၁ ရက်

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် အိန္ဒိယနိုင်ငံသမ္မတ H.E. Mr. Ram Nath Kovind ၏ဇနီးနှင့် သမီးဖြစ်သူသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်စန်းစန်းယုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ (၁၁.၁၂.၂၀၁၈)ရက်၊ အင်္ဂါနေ့(၁၀၂၀)နာရီ အချိန်မှ (၁၁၁၅) နာရီအချိန်အထိ လာရောက်လေ့လာခဲ့ပါသည်။

  ဧည့်သည်တော်အဖွဲ့အား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) ပြတိုက်မှူး ဒုတိယအထွေထွေ မန်နေဂျာ ဦးသက်ဇော်ဦးတို့က ကြိုဆိုနှုတ်ဆက်၍ ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို   ကြည့်ရှုလေ့လာခဲ့ပါသည်။

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ-မြန်မာ့ကျောက်မျက်