Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
နေပြည်တော်
ရတနာပြပွဲများတွင် ကျောက်စိမ်းအရိုင်းတွဲများ တင်ပြရောင်းချခဲ့သော ပုဂ္ဂလိက ကျောက်စိမ်းတွဲပိုင်ရှင်များအတွက် အသိပေးကြေညာချက်
နေပြည်တော်၊ ၁၃၇၄-ခုနှစ် ၊ ပြာသိုလပြည့်ကျော် ( ၁၅ )ရက်
(၂၀၁၃- ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် ကုမ္ပဏီ၊ သမဝါယမ အသင်းများနှင့် ပုဂ္ဂလိကပိုင် ကျောက်စိမ်းအရိုင်းနှင့် အချောထည်များကို ရတနာပြပွဲများတွင် တင်ပြ ရောင်းချ ပေးလျက်ရှိပါသည်။ ရောင်းချရသော ကျောက်စိမ်းတွဲများကို ဝယ်ယူသူသို့ ထုတ်ပေးခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ရောင်းချရခြင်း မရှိသော ကျောက်စိမ်းတွဲများကို သက်ဆိုင်ရာ ကုမ္ပဏီ၊ သမဝါယမ အသင်းနှင့် ပုဂ္ဂလိကများသို့ ပြန်လည် ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm