Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
တတိယမြောက်နေ့ ဆက်လက်ကျင်းပ
နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်
၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာကုန်သည် (၁၂၂၈) ဦး၊ ပြည်ပရတနာကုန်သည် (၂၇၀၆) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၃၉၃၄) ဦးတက်ရောက်ခဲ့ကြပါသည်။
ယနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း (၉၂)တွဲကို ရောင်းချခဲ့ရာ အတွဲပေါင်း (၉၁) တွဲကို တန်ဖိုးယူရို(၀.၄၈၉) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
၁၄.၃.၂၀၁၉ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲအမှတ် (၁) မှ (၅၀၀) ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေး သွင်းလွှာများ ထည့်သွင်းခဲ့ကြပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm