Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
စတုတ္ထမြောက်နေ့ ဆက်လက်ကျင်းပ
ကျောက်မျက်အတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ
နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (၁၆:၁၅) နာရီတွင် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းနှင့် အဖွဲ့ဝင်များသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနေမှုကို ကြည့်ရှုလေ့လာခဲ့ကြပြီး ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲ ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့ကြပါသည်။
ယနေ့တွင် ပြည်တွင်းရတနာကုန်သည် (၁၂၃၃) ဦး၊ ပြည်ပရတနာကုန်သည် (၂၇၀၅) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၃၉၃၈) ဦးတက်ရောက်ခဲ့ကြပြီး ကျောက်မျက်အတွဲ (၅၀၀) တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ အတွဲပေါင်း (၆၉) တွဲကို တန်ဖိုးယူရို (၁.၀၂၄) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm