Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး
ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ် လ ၁၅ ရက်
ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ဖြင့် ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် မဏိရတနာကျောက်စိမ်း ခန်းမ(အစည်းအဝေးခန်းမ)၌ ၁၅.၃.၂၀၁၉ ရက်နေ့ (၁၃:၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်း နာယကများဖြစ်ကြသည့် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဝင်းမြ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးသိန်းဆွေ၊ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ နှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ ဖားကန့်၊ မြစ်ကြီးနား)မှ တာဝန်ရှိသူများ၊ မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေကို စိတ်ပါဝင်စားသည့် ကျောက်မျက် ရတနာလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးနှင့် ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ခိုင်တို့က မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများရေးဆွဲနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ က မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး လျာထားဆောင်ရွက်မှုများအပေါ် အသေးစိတ်အကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm