Tel: 067409019 | Mail: messenger@e-mining.gov.mm



(၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ
အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်

  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဒသမမြောက်နေ့ကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာကုန်သည် (၄၇၀)ဦးနှင့် ပြည်ပရတနာကုန်သည် (၇၅၄)ဦး စုစုပေါင်း (၁၂၂၄)ဦး တက်ရောက်ခဲ့ကြပါသည်။ ရတနာပြပွဲ ဒသမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၉၇၃) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ အတွဲပေါင်း (၇၃၉)တွဲကို တန်ဖိုးယူရို (၆၃.၄၇၀) သန်းဖြင့် ရောင်းချခဲ့ရသည်။

  (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၂၆၉)ကို တန်ဖိုးယူရို (၁.၅၁၈)သန်းဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း (၆၉)တွဲကို တန်ဖိုးယူရို (၁.၀၂၄)သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း (၅၂၆၃)ကို တန်ဖိုးယူရို (၄၇၄.၁၄၁)သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရခြင်းဖြစ်သည်။

  (၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အရောင်းစာရင်းထုတ်ပြန်ခြင်းကို ၂၀.၃.၂၀၁၉ ရက်နေ့ (၁၆:၀၀)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ တက်ရောက် သတင်းရယူခဲ့ပြီး တာဝန်ရှိသူများက ရတနာပြပွဲနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များကို သတင်းထုတ်ပြန် ပေးခဲ့ပါသည်။

  (၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအနေဖြင့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ခဲ့ကြပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်