Tel: 067409019 | Mail: messenger@e-mining.gov.mm



မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲနိုင်ရေး (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်
၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်

  မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ရေးဆွဲပြုစုထားရှိသည့် မြန်မာ့ကျောက်မျက် ရတနာနည်းဥပဒေများ (မူကြမ်း) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ (ဒုတိယအကြိမ်) ကို ၂၇.၅.၂၀၁၉ ရက်နေ့ (၁၀:၀၀) နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ) ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

  အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ (သတ္တုရေးရာ) ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာများဖြစ်သည့် ဦးသက်ခိုင်၊ ဦးနိုင်ဇော်ဦးနှင့် ဦးလှအောင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြို့နယ်အသင်းခွဲများ) မှ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေးတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာများဖြစ်သည့် ဦးသက်ခိုင်၊ ဦးနိုင်ဇော်ဦး၊ ဦးလှအောင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ (မူကြမ်း) ပါအချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

  အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များက မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ (မူကြမ်း) အပေါ် အသေးစိတ်အကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၁၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

  မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆီလျော်ညီညွတ်သည့် မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်ရေး အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တာဝန်ရှိသူ များ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်