Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၉ ခုနှစ်၊ ဇွန်လ
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်
၂၀၁၉ ခုနှစ်၊ မေ လ ၃၁ ရက်

  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ၈.၆.၂၀၁၉ ရက်နေ့မှ ၁၃.၆.၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

  ရောင်းချပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၃၁.၅.၂၀၁၉ ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြပွဲ အထောက်အကူပြု လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်း အဝေးအစီအစဉ်အရ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

  လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၄:၂၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်