Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
သတင်းကြေညာချက်
နေပြည်တော်၊ ၁၃၇၅-ခုနှစ် ၊ တန်ခူးလပြည့်ကျော် ( ၁ )ရက်
၂၀၁၃- ခုနှစ်၊ ဧပြီလ (၂၆) ရက်
၁။ သတ္တုတွင်းဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီသည် (၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမနှင့် မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရတနာဈေးအထပ်) တို့တွင် ၂၀၁၃ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ (၂၇) ရက်နေ့ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ (၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း၊ ကျောက်စိမ်း၊ ပုလဲအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချမည် ဖြစ်ပါသည်။
၂။ (၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ နိုင်ငံသားကျောက်မျက် ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို ၂၀၁၃ ခုနှစ် မေလ (၆) ရက်နေ့မှ (၃၁) ရက်နေ့ထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့် နေရာသို့ ပြောင်းရွေ့ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm