Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
နေပြည်တော်
ရတနာပြပွဲများတွင် ကျောက်စိမ်းအရိုင်းတွဲများ တင်ပြေရောင်းချခဲ့သော
ဖက်စပ်ကျောက်စိမ်းတွဲပိုင်ရှင်များအတွက် အသိပေးကြေညာချက်
၁၃၇၅-ခုနှစ် ၊ တန်ခူးလဆုတ်( ၁၁ )ရက်
(၂၀၁၃- ခုနှစ်၊ မေလ ၆ ရက်)
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် ကျောက်စိမ်း ဖက်စပ်လုပ်ငန်းမှ တူးဖော်ရရှိသော ကျောက်စိမ်းအရိုင်းများကို ရတနာပြပွဲများတွင် တင်ပြ ရောင်းချပေးခဲ့ပါသည်။
၂။ ရောင်းချရခြင်းမရှိသော ကျောက်စိမ်းတွဲများကို ပြန်လည် အတွဲဖွဲ့ခြင်း၊ အခြေခံဈေး ပြင်ဆင် သတ်မှတ်ခြင်းများ ဆောင်ရွက်ပြီး ရတနာပြပွဲများတွင် တင်ပြ ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာ ဖက်စပ် လုပ်ငန်းရှင်များက စီစဉ် ဆောင်ရွက်ကြရပါသည်။ ၁၉၉၉-ခုနှစ် နှစ်လယ်ရတနာပြပွဲတွင် ရောင်းချရခြင်းမရှိသော ကျောက်စိမ်းတွဲများကို အတွဲပြင်ဆင် ဖွဲ့စည်းခြင်း၊ အခြေခံဈေး ပြင်ဆင်သတ်မှတ်ခြင်းများ ဆောင်ရွက်ပြီး ရတနာပြပွဲများတွင် တင်ပြရောင်းချနိုင်ရန် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် ဆက်သွယ် ဆောင်ရွက်ကြရန် သတင်းစာများတွင် ကြေညာခဲ့ရာ လုပ်ငန်းရှင် (၁၄)ဦးသည် ဆက်သွယ် ဆောင်ရွက်ရန် ကျန်ရှိနေပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm