Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
နေပြည်တော်
လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တုရုပ်ထွင်းများ ရောင်းချခြင်းလုပ်ငန်းလိုင်စင်
သက်တမ်းတိုးမြှင့်ခွင့်လျှောက်လွှာ တင်သွင်းရန်
ကြေညာချက် (  ၁  /၂၀၁၃ )

၁၃၇၅ ခုနှစ် ဝါခေါင်လပြည့်ကျော်   ၁၂  ရက်
( ၂၀၁၃ ခုနှစ် စက်တင်ဘာလ    ၂ ရက်)

၁။  သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ၂၀၁၃ ခုနှစ်အတွက် ခွင့်ပြုထားသော လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု ရုပ်ထွင်းများ ရောင်းချခြင်း လုပ်ငန်းလိုင်စင်များသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပါသည်။ လိုင်စင်ရရှိသူသည် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ထပ်မံထုတ်ပေးရန် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ လျှောက်ထားရမည် ဖြစ်ပါသည်။ လိုင်စင် ရရှိသူသည် လုပ်ငန်း ဆက်လက် လုပ်ကိုင်လိုခြင်း မရှိပါက လိုင်စင် သက်တမ်း မကုန်ဆုံးမီ (၁)လကြိုတင်၍  မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ လက်ရှိလိုင်စင် သက်တမ်းကုန်ဆုံးချိန်မှစ၍ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခြင်း မပြုတော့ကြောင်း အကြောင်းကြားရမည် ဖြစ်ပါသည်။


အသေးစိတ်ကြည့်ရှုရန်