Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်

၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၀)ရက်
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်

၁။   သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီသည် တန်ဖိုးနည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ရောင်းချပွဲတွင် တန်ဖိုးနည်းကျောက်မျက်တွဲများနှင့် ကျောက်စိမ်း အသားကျောက်တွဲ C,D (စီ၊ဒီ) အဆင့်များကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။

၂။  တန်ဖိုးနည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသား ကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲတွင် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် တန်ဖိုးနည်း ကျောက်မျက်တွဲများနှင့် ကျောက်စိမ်း အသား ကျောက်တွဲ C,D (စီ၊ဒီ)အဆင့်များကို  ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ထိ စစ်ဆေး လက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ရောင်းချပွဲ ကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ ခင်းကျင်းခြင်းများ ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

၃။  ရောင်းချပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်)၊ ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း)၊ ကျောက်မျက် တူးဖော်ရေးဌာန(မန္တလေး)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်) ကျောက်မျက် တူးဖော်ရေးဌာန (မိုးကုတ်)၊ ကျောက်မျက် တူးဖော်ရေးဌာန (မိုင်းရှူး)နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်း တူးဖော်ရေးဌာန (စခန်းရုံး)များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

 မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ