Tel: 067409019 | Mail: messenger@e-mining.gov.mm



၁။  ၂၀၁၄ခုနှစ်၊ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်မျက်အတွဲ (၁၅၇)တွဲ၊ ကျောက်စိမ်းအတွဲ (၂၈၃၉)တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် တင်ပြ ရောင်းချလျက် ရှိပါသည်။
၂။    (၈.၁.၂၀၁၄) ရက်နေ့တွင် ကျောက်မျက်အတွဲ(၁၅၇)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ (၁၀၄)တွဲ ရောင်းချခဲ့ရ ပါသည်။
၃။   (၉.၁.၂၀၁၄) ရက်နေ့တွင် ကျောက်စိမ်း အတွဲအမှတ်(၁)မှ (၁၄၀၀)ထိ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ(၆၆၅)တွဲ တင်ဒါအောင်မြင်ခဲ့ပြီး ကျန်ရှိအတွဲ များကို (၁၀.၁.၂၀၁၄) ရက်နေ့တွင် ဆက်လက် တင်ပြရောင်းချလျက် ရှိပါ သည်။