Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်လုပ်ကွက်နှင့်ဖော်ထုတ်လုပ်ကွက်များအတွက် အဆိုပြုလွှာများတင်သွင်းရန်
ကြေညာချက် (၆/၂၀၁၄)
နေပြည်တော်၊ ၁၃၇၆-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ( ၁၃ )ရက်
(၂၀၁၄-ခုနှစ်၊ ဇူလိုင်လ  ၂၄   ရက်)

၁။  မိုးကုတ် ရတနာ နယ်မြေနှင့် မိုင်းရှူး ရတနာနယ်မြေများတွင် နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်းများက မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်များရယူ၍ ကျောက်မျက် တူးဖော် ထုတ်လုပ်နေသည့် ကျောက်မျက် လုပ်ကွက်များမှ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များအတွင်း သက်တမ်း ကုန်ဆုံးမည့် သတ်မှတ် လုပ်ကွက်များ၊ ဖော်ထုတ် လုပ်ကွက်များနှင့် လစ်လပ် လုပ်ကွက်များကို မြန်မာ့ ကျောက်မျက် ရတနာဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊(ပုဒ်မ-၁၅) တို့နှင့်အညီ စျေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၂။  လုပ်ကွက်များအတွက် အဆိုပြု လျှောက်ထားသော ကုမ္ပဏီသည် အဆိုပြုလွှာနှင့်အတူ ငွေရေး ကြေးရေး ခိုင်မာမှုရှိကြောင်း မြန်မာ့ စီးပွားရေးဘဏ် (သို့မဟုတ်) နိုင်ငံတော်က အသိအမှတ် ပြုထားသည့် ပုဂ္ဂလိကဘဏ် တစ်ခုခုမှ (Bank Statement) ကို ပူးတွဲ တင်ပြ လျှောက်ထားရမည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှုရန်