Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်း၀န်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း
နေပြည်တော်
လက်၀တ်ရတနာနှင့် ကျောက်စိမ်းရုပ်တုရုပ်ထွင်းများရောင်းချခြင်းလုပ်ငန်းလိုင်စင်
သက်တမ်းတိုးမြှင့်ခွင့်လျှောက်လွှာတင်သွင်းရန်
ကြေညာချက် ( ၁ /၂၀၁၄ )
၁၃၇၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက်
( ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် )
၁။ သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်း၀ယ်ရေး လုပ်ငန်းက ၂၀၁၄ ခုနှစ်အတွက် ခွင့်ပြု ထားသော လက်၀တ် ရတနာနှင့် ကျောက်စိမ်း ရုပ်တု ရုပ်ထွင်းများ ရောင်းချခြင်း လုပ်ငန်း လိုင်စင်များသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပါသည်။ လိုင်စင် ရရှိသူသည် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက လိုင်စင် အသစ် ထပ်မံ ထုတ်ပေးရန် မြန်မာ့ ကျောက်မျက် ရတနာရောင်း၀ယ်ရေး လုပ်ငန်းသို့ လျှောက်ထားရမည် ဖြစ်ပါသည်။ လိုင်စင် ရရှိသူသည် လုပ်ငန်း ဆက်လက် လုပ်ကိုင်လိုခြင်း မရှိပါက လိုင်စင် သက်တမ်း မကုန်ဆုံးမီ (၁)လ ကြိုတင်၍ မြန်မာ့ ကျောက်မျက် ရတနာ ရောင်း၀ယ်ရေး လုပ်ငန်းသို့ လက်ရှိ လိုင်စင် သက်တမ်း ကုန်ဆုံးချိန်မှစ၍ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခြင်း မပြုတော့ကြောင်း အကြောင်း ကြားရမည် ဖြစ်ပါသည်။
၂။ လက်၀တ် ရတနာနှင့် ကျောက်စိမ်း ရုပ်ထု ရုပ်ထွင်းများ ရောင်းချခြင်း လုပ်ငန်း လိုင်စင်များ သက်တမ်း တိုးမြှင့်ခြင်း အတွက် လျှောက်လွှာ တင်သွင်းခြင်းများကို မြန်မာ့ ကျောက်မျက် ရတနာ ရောင်း၀ယ်ရေး လုပ်ငန်း (ရုံးချုပ်) နေပြည်တော် ၊ မြန်မာ့ ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်မျက် တူးဖော်ရေး ဌာန (မိုးကုတ်မြို့)၊ ကျောက်မျက် တူးဖော်ရေး ဌာန (မြစ်ကြီးနားမြို့)နှင့် မြန်မာ့ ကျောက်မျက် ရတနာ ရောင်း၀ယ်ရေး လုပ်ငန်း (မန္တလေးရုံးခွဲ)၊ အမှတ်(၂၂)၊ ၃၅x၆၄ လမ်းထောင့်၊ ချမ်းအေး သာစံမြို့နယ် တို့သို့ ဆက်သွယ်၍ အောက်ပါ အတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည် -
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm