Tel: 067409019 | Mail: messenger@e-mining.gov.mm




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်လုပ်ကွက်နှင့်ဖော်ထုတ်လုပ်ကွက်များအတွက်အဆိုပြုလွှာများတင်သွင်းရန်
ကြေညာချက် (၁/၂၀၁၅)
နေပြည်တော်၊ ၁၃၇၆-ခုနှစ်၊ ပြာသိုလပြည့်ကျော် ( ၂ )ရက်
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ    ၆   ရက်)

၁။   မိုးကုတ် ရတနာနယ်မြေနှင့် မိုင်းရှူးရတနာ နယ်မြေများတွင် နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်း များက မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်များ ရယူ၍ ကျောက်မျက် တူးဖော် ထုတ်လုပ်နေသည့် ကျောက်မျက် လုပ်ကွက်များမှ ၂၀၁၅ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်လများ အတွင်း သက်တမ်း ကုန်ဆုံးမည့် သတ်မှတ် လုပ်ကွက်များ၊ဖော်ထုတ် လုပ်ကွက်များနှင့် လစ်လပ် လုပ်ကွက်များ၊ မိုးမိတ် ဒေသ၊ မိုးဟောက် ကွက်ရပ်ရှိ (သရက်စု) သတ်မှတ် (အသစ်) လုပ်ကွက်များ၊ လုံးခင်း၊ ဖားကန့်၊  ခန္တီး၊ မိုးညှင်း ရတနာ နယ်မြေများရှိ လစ်လပ် လုပ်ကွက်များကို မြန်မာ့ကျောက်မျက် ရတနာဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊(ပုဒ်မ-၁၅) တို့နှင့်အညီ စျေးပြိုင် စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၂။  လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း ရတနာ နယ်မြေများနှင့် နန့်ယားဆိပ် ဒေသတို့တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လများတွင် သက်တမ်းကုန်သည့် လုပ်ကွက်များကို ကြေညာချက် ၃/၂၀၁၃ဖြင့် စျေးပြိုင် အဆိုပြုလွှာ ခေါ်ယူခဲ့သော်လည်း (၃၁.၅.၂၀၁၂)ရက်နေ့မှစ၍ တူးဖော်မှု ရပ်နားထားခဲ့ ရသည့်အတွက် ၎င်းအဆိုပြုလွှာ များကို ဖွင့်ဖောက်ခြင်း မပြုခဲ့ပါ။ ၎င်းလုပ်ကွက်များကို ရပ်နားကာလ အလိုက် သက်တမ်းတိုးပေးပါက ၂၀၁၅ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်လ များတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။ ကြေညာချက် ၃/၂၀၁၃ တွင် တင်သွင်းခဲ့သော အဆိုပြုလွှာများကို ပယ်ဖျက်၍ ၎င်းကြေညာချက်ဖြင့် စျေးပြိုင် ခေါ်ယူခဲ့သည့် လုံးခင်း၊ ဖားကန့်၊ ခန္တီး၊မိုးညှင်း ရတနာ နယ်မြေများနှင့် နန့်ယားဆိပ် ဒေသတို့ရှိ သတ်မှတ် လုပ်ကွက်များနှင့် ဖော်ထုတ် လုပ်ကွက်များကို မြန်မာ့ ကျောက်မျက် ရတနာဥပဒေ(ပုဒ်မ-၁၂)၊(ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅) တို့နှင့်အညီ ထပ်မံ ကြေညာခေါ်ယူ၍ စျေးပြိုင် စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှုရန်