Tel: 067409019 | Mail: messenger@e-mining.gov.mm



သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
မိုးကုတ်ရတနာနယ်မြေ တစ်ပိုင်တစ်နိုင်ဖော်ထုတ်လုပ်ကွက်သက်တမ်းတိုးလျှောက်လွှာများ တင်သွင်းရန်
ကြေညာချက် ( ၂/၂၀၁၅ )
၁၃၇၆-ခုနှစ်၊ တပေါင်းလဆန်း ( ၉ )ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ   ၂၆ ရက်)

၁။ သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက် ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် ရတနာနယ်မြေတွင် ကျောက်မျက်ရတနာများ တိုးမြှင့် ထုတ်လုပ်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ရန် အတွက် ဖော်ထုတ် လုပ်ကွက် (အသစ်)များကို ကြေညာချက် (၆/၂၀၁၁)ဖြင့် ကြေညာ ခေါ်ယူပြီး လုပ်ကိုင်ခွင့် ချထားပေးခဲ့ပါသည်။
၂။  လုပ်ကိုင်ခွင့် ချထား ပေးခဲ့သော တစ်ပိုင်တစ်နိုင် ဖော်ထုတ် လုပ်ကွက်များအနက်မှ ၂၀၁၅ခုနှစ်၊ မေလ သက်တမ်းကုန် လုပ်ကွက်များအတွက် သက်တမ်းတိုး လျှောက်ထားခြင်းနှင့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ(ပုဒ်မ-၁၅) နှင့်အညီ ခွင့်ပြုမိန့်ကတ် ပြန်လည်ထုတ်ပေးခြင်းတို့ကို ကျောက်မျက် တူးဖော်ရေးဌာန (မိုးကုတ်)တွင် ဆောင်ရွက်ပေးမည် ဖြစ်ပါ သည်။
၃။ ၂၀၁၅ ခုနှစ်၊ မေလ သက်တမ်းကုန် တစ်ပိုင်တစ်နိုင် ဖော်ထုတ် လုပ်ကွက်များကို သက်တမ်းတိုး လျှောက်ထားနိုင်ရန်အတွက် သက်တမ်းတိုး လျှောက်လွှာများ ထုတ်ယူခြင်းနှင့် လျှောက်လွှာများ ပြန်လည် တင်သွင်းခြင်းများကို  ကျောက်မျက် တူးဖော်ရေးဌာန (မိုးကုတ်)တွင် အောက်ပါ အတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-

အသေးစိတ်ကြည့်ရှုရန်