Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်/ ဖော်ထုတ်လုပ်ကွက်များနှင့် လစ်လပ်လုပ်ကွက်များအတွက် အဆိုပြုလွှာများတင်သွင်းရန်
ကြေညာချက် (၃/၂၀၁၅)
နေပြည်တော်၊ ၁၃၇၇-ခုနှစ်၊ ကဆုန်လဆန်း ( ၅ )ရက်
(၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်)
၁။ မိုးကုတ် ရတနာနယ်မြေနှင့် မိုင်းရှူး ရတနာနယ်မြေများတွင် နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမအသင်းများက မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်များရယူ၍ ကျောက်မျက်တူးဖော် ထုတ်လုပ်နေသည့် ကျောက်မျက် လုပ်ကွက်များမှ ၂၀၁၅ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများ အတွင်း သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ်လုပ်ကွက်များနှင့် လစ်လပ်လုပ်ကွက်များ၊ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်းရတနာနယ်မြေများရှိ လစ်လပ်လုပ်ကွက်များကို မြန်မာ့ကျောက်မျက် ရတနာ ဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့်အညီ စျေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၂။ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း ရတနာနယ်မြေများနှင့် နန့်ယားဆိပ်ဒေသတို့တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်လများတွင် သက်တမ်းကုန်သည့် လုပ်ကွက်များကို ကြေညာချက် ၄/၂၀၁၃ ဖြင့် စျေးပြိုင် အဆိုပြုလွှာ ခေါ်ယူခဲ့သော်လည်း (၃၁.၅.၂၀၁၂)ရက်နေ့မှစ၍ တူးဖော်မှု ရပ်နားထားခဲ့ရသည့်အတွက် ၎င်းအဆိုပြုလွှာများကို ဖွင့်ဖောက်ခြင်းမပြုခဲ့ပါ။ ၎င်းလုပ်ကွက်များကို ရပ်နားကာလအလိုက် သက်တမ်းတိုး ပေးပါက ၂၀၁၅ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။ ကြေညာချက် ၄/၂၀၁၃တွင် တင်သွင်းခဲ့သော အဆိုပြုလွှာများကို ပယ်ဖျက်၍ ၎င်းကြေညာချက်ဖြင့် စျေးပြိုင် ခေါ်ယူခဲ့သည့် လုံးခင်း၊ ဖားကန့်၊ ခန္တီး၊မိုးညှင်း ရတနာနယ်မြေများနှင့် နန့်ယားဆိပ်ဒေသတို့ရှိ သတ်မှတ် လုပ်ကွက်များနှင့် ဖော်ထုတ် လုပ်ကွက်များကို မြန်မာ့ ကျောက်မျက် ရတနာဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့်အညီ ထပ်မံကြေညာခေါ်ယူ၍ စျေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၃။ လုပ်ကွက် များအတွက် အဆိုပြု လျှောက်ထားသော ကုမ္ပဏီသည် အဆိုပြုလွှာနှင့်အတူ ငွေရေးကြေးရေး ခိုင်မာမှုရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကဘဏ် တစ်ခုခုမှ (Bank Statement)ကို ပူးတွဲတင်ပြ လျှောက်ထားရမည် ဖြစ်ပါသည်။
၄။ လုပ်ငန်း မှတ်ပုံတင်ခြင်း၊ အဆိုပြုလွှာ ထုတ်ယူခြင်းနှင့် အဆိုပြုလွှာ ပြန်လည် တင်သွင်းခြင်းများကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်)နှင့် ဆက်သွယ်၍ အောက်ပါ အတိုင်း ဆောင်ရွက်ရန်ဖြစ်ပါ သည်-
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm