Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာ ဖော်ထုတ်လုပ်ကွက်(အသစ်) လျှောက်လွှာများ တင်သွင်းရန်
ကြေညာချက် ( ၅ /၂၀၁၅)
၁၃၇၇ ခုနှစ်၊ နယုန်လပြည့်နေ့
(၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်)
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီသည် မိုးကုတ်ရတနာနယ်မြေတွင် ကျောက်မျက် ရတနာများ တိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် နိုင်ငံသား ဒေသခံများအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေနှင့်အညီ မိုးကုတ် ရတနာနယ်မြေ၊ မိုးကုတ်မြို့နယ်အတွင်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ရန်အတွက် ဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်လွှာများကို လက်ခံ၍ သတ်မှတ်ချက်များနှင့်အညီ ကွင်းဆင်း စစ်ဆေး တိုင်းတာပြီး ခွင့်ပြုမိန့်များ ထုတ်ပေး သွားမည် ဖြစ်ပါသည်။
၂။ ဖော်ထုတ်လုပ်ကွက် (အသစ်)လျှောက်လွှာများ ထုတ်ယူခြင်းနှင့် လျှောက်လွှာများ ပြန်လည် တင်သွင်းခြင်းများကို ကျောက်မျက်တူးဖော်ရေးဌာန (မိုးကုတ်)တွင် အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-
(က) တစ်ပိုင်တစ်နိုင် ဖော်ထုတ်လုပ်ကွက်(အသစ်)လျှောက်လွှာများ ထုတ်ယူခြင်း။
တစ်ပိုင်တစ်နိုင် ဖော်ထုတ်လုပ်ကွက်(အသစ်) လျှောက်လွှာ တင်သွင်းလိုသည့် ပုဂ္ဂလိက၊လုပ်ငန်းရှင်များသည် ၂၀၁၅ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျောက်မျက် တူးဖော်ရေးဌာန (မိုးကုတ်)တွင် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး လျှောက်လွှာများ ထုတ်ယူနိုင်ပါသည်။
(ခ) တစ်ပိုင်တစ်နိုင် ဖော်ထုတ်လုပ်ကွက်(အသစ်)လျှောက်လွှာများ တင်သွင်းခြင်း။
လျှောက်ထားခွင့်ရှိသူသည် ဖော်ထုတ်လုပ်ကွက် (အသစ်)လျှောက်လွှာပုံစံ (မကလ-၅)တွင် လိုအပ်သည်များကို ပြည့်စုံစွာ ရေးသွင်းပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မိုးကုတ်)မှတဆင့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ( ၁၅ )ရက်နေ့မှ ဇူလိုင်လ(၁၀) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နေ့စဉ်(၀၈:၀၀) နာရီမှ (၁၇:၀၀) နာရီထိ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ ကျောက်မျက်တူးဖော်ရေးဌာန (မိုးကုတ်)တွင် တင်သွင်းရန် ဖြစ်ပါသည်။
(ဂ) တစ်ပိုင်တစ်နိုင်ဖော်ထုတ်လုပ်ကွက်(အသစ်) လျှောက်လွှာများ လျှောက်ထားခွင့်ရှိသူ၏ သတ်မှတ်ချက်များ။
အောက်ပါအတိုင်း ဖြစ်ပါ သည်-
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm