Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်လွှာများ တင်သွင်းရန်
ကြေညာချက် (၇/၂၀၁၅)
၁၃၇၇-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ( ၈ )ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)
၁။ သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက် ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီသည် အောက်ဖော်ပြပါ ရတနာနယ်မြေများနှင့် ရတနာနယ်မြေ ပြင်ပတွင် နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းများအနေဖြင့် မြန်မာ့ ကျောက်မျက် ရတနာဥပဒေနှင့်အညီ ကျောက်မျက် ရတနာတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖော်ထုတ် လုပ်ကွက်(အသစ်)လျှောက်လွှာများကို လက်ခံ၍ သတ်မှတ် ချက်များနှင့်အညီ ကွင်းဆင်း စစ်ဆေးတိုင်းတာပြီး ခွင့်ပြုမိန့်ထုတ်ပေးရေး ဆောင်ရွက်မည်ဖြစ်ပါသည်-
(က) မိုင်းရှူးရတနာနယ်မြေ။
(ခ) နန့်ယားဆိပ်ရတနာနယ်မြေ။
(ဂ) ခန္တီးရတနာနယ်မြေ။
(ဃ) မိုးညှင်းဒေသ၊ မော်လူး၊ မော်ဟန်ဒေသ။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm