Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ကျောက်မျက်ရတနာလုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းကော်မတီ
ကျောက်မျက်ရတနာသတ်မှတ်/ဖော်ထုတ်လုပ်ကွက်များနှင့်လစ်လပ်လုပ်ကွက်များအတွက်အဆိုပြုလွှာများတင်သွင်းရန်
ကြေညာချက် (၈/၂၀၁၅)
နေပြည်တော်၊ ၁၃၇၇-ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ( ၆ )ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
၁။ ကျောက်မျက် ရတနာနယ်မြေများတွင် နိုင်ငံသားပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်းများက မြန်မာ့ ကျောက်မျက် ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်များရယူ၍ ကျောက်မျက်တူးဖော် ထုတ်လုပ်နေသည့် ကျောက်မျက် လုပ်ကွက်များမှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များအတွင်း သက်တမ်းကုန်ဆုံးမည့် သတ်မှတ် လုပ်ကွက်များ၊ ဖော်ထုတ်လုပ်ကွက်များနှင့်လစ်လပ် လုပ်ကွက်များကို မြန်မာ့ ကျောက်မျက် ရတနာဥပဒေ (ပုဒ်မ-၁၂)၊ (ပုဒ်မ-၁၃)၊ (ပုဒ်မ-၁၅)တို့နှင့်အညီ စျေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၂။ လုပ်ကွက်များအတွက် အဆိုပြုလျှောက်ထားသော ကုမ္ပဏီသည် အဆိုပြုလွှာ နှင့်အတူ ငွေရေးကြေးရေး ခိုင်မာမှုရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) နိုင်ငံတော်က အသိအမှတ် ပြုထားသည့် ပုဂ္ဂလိက ဘဏ်တစ်ခုခု မှ (Bank Statement) ကို ပူးတွဲတင်ပြ လျှောက်ထားရမည် ဖြစ်ပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm