Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၇)ရက်
၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၉)ရက်

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၆ ခုနှစ်၊ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၆)ရက် နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါ သည်။


၂။  မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံသားကျောက်မျက် ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်းတွဲစာရင်း လျှောက်လွှာများကို ၂၀၁၆ ခုနှစ်၊မေလ(၂)ရက်နေ့မှ(၁၁)ရက်နေ့အတွင်း ကျောက်စိမ်းလုပ်ငန်း ကော်မတီသို့ လာရောက် လျှောက်ထားရပါမည်။


၃။ ပြပွဲတွင်တင်ပြရောင်းချမည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို ၂၀၁၆ ခုနှစ်၊မေလ(၁၉)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။


၄။ ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ရောင်းချခြင်း၊ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင်ရရှိပြီးသူများ၊ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြု မည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့်လိုင်စင်ရ ယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

၅။ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ပါသည်။

၆။ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မိုးကုတ်မြို့ တို့ရှိ ကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးများတွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်းကော်မတီရုံးခွဲများတွင် ပြည်တွင်းရတနာ ကုန်သည်များကို ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၇။ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာ လုပ်ငန်းကော်မတီရုံးတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို  ပြပွဲတက်ရောက်  ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၈။ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ ပြပွဲဝင်ခွင့်မှတ်ပုံတင် ခြင်းလုပ်ငန်းများ ပိုမို အဆင်ပြေစေရေးအတွက် ပြပွဲဝင်ခွင့်ပုံစံများကို www.mining.gov.mm နှင့် www.mge.gov.mm တို့မှတစ်ဆင့် Download ရယူ၍ ကြိုတင်ဖြည့်စွက် မှတ်ပုံတင်နိုင်ပါသည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm, On-line Pre-Registration Systemတွင် ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

၉။ ၂၀၁၆ ခုနှစ်၊ (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)၊ ကျောက်မျက် တူးဖော်ရေးဌာန (မန္တလေး၊မိုးကုတ်၊မိုင်းရှူး)နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်း တူးဖော်ရေးဌာန(စခန်းရုံး)များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

နိုင်ငံခြားသားရတနာကုန်သည်ဝင်ခွင့်ပုံစံရယူရန်
ပြည်တွင်းရတနာကုန်သည် ဝင်ခွင့်ပုံစံရယူရန်