Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
၂၀၁၆ ခုနှစ်၊ (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ
သတင်းအချက်အလက်များ
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီသည် (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။
၂။ (၅၃)ကြိမ်မြောက် ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်စိမ်း၊ကျောက်မျက် အရိုင်း တုံးများ၊ သွေးပြီးအချောထည်များ၊ ရတနာတန်းဝင်ပုလဲများ၊ လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ကျောက်ကပ်ပန်းချီကားများ၊ ရွှေထည်ငွေထည်ပစ္စည်းများကို နိုင်ငံခြားငွေ ယူရိုဖြင့် ရောင်းချမည် ဖြစ်ပါသည်။
၃။ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲများကို အခြေခံစျေးနှုန်းသတ်မှတ်၍ အိတ်ဖွင့်တင်ဒါ စနစ်၊ စျေးပြိုင်စနစ်တို့ဖြင့် အောက်ပါအတိုင်း ရောင်းချမည်ဖြစ်ပါသည်-
|
စဉ် |
ကျောက်မျက်ရတနာ အမျိုးအစား |
အိတ်ဖွင့်တင်ဒါစနစ်/ အခြေခံဈေး(ယူရိုငွေ) |
ဈေးပြိုင်စနစ်/ အခြေခံဈေး(ယူရိုငွေ) |
| (က) | ကျောက်မျက် | ၅၀၀ မှ ၂၀၀၀၀ ထိ | ၂၀၀၀၁ နှင့်အထက် |
| (ခ) | ကျောက်စိမ်း | ၄၀၀၀ မှ ၂၀၀၀၀၀ ထိ | ၂၀၀၀၀၁ နှင့်အထက် |
| (ဂ) | ပုလဲ | ၁၀၀၀ မှ ၁၀၀၀၀ ထိ | ၁၀၀၀၁ နှင့်အထက် |
၄။ ကျင်းပပြီးစီးခဲ့သော ရတနာပြပွဲများတွင် ငွေပေးချေရန် ပျက်ကွက်သဖြင့် အမည်မည်းစာရင်း တင်သွင်းခြင်းခံရသည့် ပြည်ပရတနာကုန်သည်များမှအပ အောက်ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ပြည်ပ ရတနာကုန်သည်များသည် (၅၃)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ခွင့် ရှိပါသည်-
(က) ပြပွဲဗဟိုကော်မတီက ပြပွဲတက်ရောက်ရန် ဖိတ်စာဖြင့် ဖိတ်ကြားခြင်းခံရသူ။
(ခ ) ပြည်ပကျောက်စိမ်း အသင်းအဖွဲ့များမှတစ်ဆင့် ဖိတ်စာတောင်းခံရရှိသူ။
(ဂ) သက်ဆိုင်ရာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဖိတ်စာရယူ၍ ပြပွဲတက်ရောက်မည့်သူ။
(ဃ) အဆိုပါ ပြည်ပ ရတနာကုန်သည်များသည် ကျောက်မျက်ရတနာ အမျိုးအစားအလိုက် ပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် အာမခံစပေါ်ငွေ၏ အဆ(၂၀)ကို ဝယ်ယူခွင့် ပြုပါမည်။ အနည်းဆုံးပေးသွင်းရမည့် အာမခံစပေါ်ငွေနှုန်းထားများနှင့် ဝယ်ယူခွင့်ပြု မည့် ကျောက်အတွဲတန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
|
စဉ် |
ကျောက်မျက်ရတနာ အမျိုးအစား |
ပေးသွင်းရမည့် အာမခံစပေါ်ငွေ(ယူရို) |
ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုး(ယူရို) |
| (က) | ကျောက်မျက် | (၁၀၀၀၀) | (၂၀၀၀၀၀) |
| (ခ) | ကျောက်စိမ်း | (၅၀၀၀၀) |
(၁၀၀၀၀၀၀) |
(င) အနည်းဆုံးပေးသွင်းရန်သတ်မှတ်ထားသော အာမခံစပေါ်ငွေနှုန်းထားအပေါ် ဝယ်ယူ ခွင့်ပြု မည့် ကျောက်အတွဲတန်ဖိုးထက် ပိုမို ဝယ်ယူလိုပါက ဝယ်ယူလိုသောတန်ဖိုး၏ (၅)ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)တွင် The Central Committee of (53rd ) Emporium(Deposit)အမည်ဖြင့် ဖွင့်လှစ်ထားသည့် စာရင်း အမှတ် EEM-400034 သို့ အာမခံ စပေါ်ငွေပေးသွင်းရမည် ဖြစ်ပြီး သက်ဆိုင်ရာ ကျောက်အတွဲ အမျိုးအစားအလိုက် အောက်ပါနေ့ရက်များတွင် အပြီး ပေးသွင်းရမည်-
| စဉ် | ကျောက်မျက်ရတနာ အမျိုးအစား | ရောင်းချမည့် စနစ် |
အာမခံစပေါ်ငွေ ပေးသွင်းရမည့် နေ့ရက် |
| (က) | ကျောက်မျက် | အိတ်ဖွင့်တင်ဒါ/စျေးပြိုင် | ၂၆.၆.၂၀၁၆ |
| (ခ) | ကျောက်စိမ်း |
အိတ်ဖွင့်တင်ဒါ စျေးပြိုင် |
၂၇.၆.၂၀၁၆ ၃.၇.၂၀၁၆ |
၅။ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့မှစတင်၍ အာမခံစပေါ်ငွေ ပေးသွင်းပြီးသော ပြည်ပရတနာ ကုန်သည်များကို မဏိရတနာ ကျောက်စိမ်းခန်းမ၊ ရတနာကုန်သည်မှတ်ပုံတင် အဆောက်အအုံတွင် ရတနာကုန်သည် စိစစ်လက်ခံရေးအဖွဲ့က ပြပွဲဝင်ခွင့်ကတ်များ ကြိုတင်ပြုလုပ်နိုင်ရေးဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
၆။ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ ပြပွဲဝင်ခွင့်ပုံစံများကို www.mining.gov.mm နှင့် www.mge.gov.mm တို့မှတစ်ဆင့် Download ရယူ၍ ကြိုတင်ဖြည့်စွက်မှတ်ပုံတင်နိုင်ရန်နှင့် Online မှ တစ်ဆင့် လျှောက်ထားလိုပါကမြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm, On-line Pre-Registration System တွင် ဝင်ရောက်လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ရတနာပြပွဲ ဝင်ခွင့်ကတ်ပြုလုပ်ရာတွင် အောက်ပါ အချက်အလက်များ လိုအပ်မည် ဖြစ်ပါသည်-
(က) အမည်၊ ရာထူး နှင့် နိုင်ငံကူးလက်မှတ်အမှတ်။
(ခ ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်(ပတ်စ်ပို့ထုတ်ပေးသည့်နိုင်ငံ)။
(ဂ ) ကြည်လင်ပြတ်သားသော ပတ်စ်ပို့မိတ္တူ။
(ဃ) (၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ။
(င ) ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ E-mail ။
(စ ) ဝင်ကြေးငွေအမေရိကန်ဒေါ်လာ။
၇။ မြန်မာ့ကျောက်မျက်ရတနာပြပွဲတက်ရောက် ဝယ်ယူမည့် ရတနာကုန်သည်များသည် ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများအတွက် အရောင်းအဝယ်စာချုပ် (Sale Agreement)ပါ စည်းကမ်း သတ်မှတ် ချက်များအတိုင်း ကျောက်အတွဲတန်ဖိုးကို သတ်မှတ်ရက်အတွင်း ပေးချေရပါမည်။ ရတနာကုန်သည် အနေဖြင့် ပြပွဲကာလအတွင်း ကျောက်အတွဲတန်ဖိုးငွေပေးချေပြီး ငွေပေးချေသော ကျောက်အတွဲကို ကုန်သည်နှင့်အတူ တစ်ပါတည်း သယ်ယူလိုပါက သယ်ယူနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၈။ ရတနာပြပွဲတွင် ဝယ်ယူခွင့်ရရှိပြီး တန်ဖိုးငွေပေးချေပြီးသော ကျောက်အတွဲများကို EXW(Ex Works) စနစ်ဖြင့် ဝယ်ယူသူထံတင်ပို့ရန် ဆောင်ရွက်ပေးပါသည်။ ကျောက်အတွဲဝယ်ယူခွင့်ရရှိသော ရတနာကုန်သည်က တန်ဖိုးငွေအပြည့်အဝပေးချေပြီးသည်နှင့် လျင်မြန်စွာတင်ပို့နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိပါသည်။ EXW (ExWorks)စနစ်ဖြင့် ရောင်းချခြင်းဖြစ်၍ နေပြည်တော်ပြပွဲခန်းမမှ မော်တော်ယာဉ်ပေါ်သို့ တင်ပို့ပေးခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရတနာပြပွဲဗဟို ကော်မတီက တာဝန်ယူဆောင်ရွက် ပေးပြီး ကျန်အပိုင်းများကို ဝယ်ယူသူ သို့မဟုတ် ဝယ်ယူသူ၏ ကိုယ်စားလှယ်ဖြစ်သည့် ပြည်တွင်းအကျိုး ဆောင်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်နိုင်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm