Tel: 067409019 | Mail: messenger@e-mining.gov.mm
ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းဆွေးနွေးခြင်း(ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဒေါက်တာအောင်ကျော်ဝင်း ရှင်းလင်းဆွေးနွေးခြင်း(ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင် ရှင်းလင်းဆွေးနွေးခြင်း(ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးဇော်ဘိုခန့် ရှင်းလင်းဆွေးနွေးခြင်း(ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)
ကျောက်မျက်ရတနာများအား အထူးကုန်စည်ခွန်အဖြစ် သတ်မှတ် ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ အကြံပြုချက်များကို မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းနှင့် ကျောက်မျက် ရတနာလုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးနိုင်ရေး၊ ကျောက်မျက် ရတနာများအား အရိုင်းအတိုင်း ရောင်းချခြင်း အစား တန်ဖိုးမြှင့် ထုတ်ကုန်(Value Added) အချောထည်များအဖြစ် အောင်မြင်စွာ ထုတ်လုပ်ရောင်းချနိုင် ရေးနှင့်စပ်လျဉ်း၍ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)၏ တင်ပြချက်များအား ဆွေးနွေးနိုင်ရေး ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်း ခန်းမ (အစည်းအဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေး မှူးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း နှင့် မြို့နယ်အသင်းခွဲများမှ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ရှင်းလင်း ဆွေးနွေးပွဲတွင် ကျောက်မျက်ရတနာများအား အထူးကုန်စည်ခွန်အဖြစ် သတ်မှတ်ကောက်ခံ ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ် ရေးကော်မရှင်၏ အကြံပြုချက်များနှင့် ကျောက်မျက် ရတနာများအား အရိုင်းအတိုင်း ရောင်းချခြင်း အစား တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) အချောထည်များ အဖြစ် အောင်မြင်စွာ ထုတ်လုပ် ရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)၏ တင်ပြချက်များအား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ ကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်း ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါ သည်။
၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm