Tel: 067409019 | Mail: messenger@e-mining.gov.mm
အစည်းအဝေး ကျင်းပပြုလုပ်ခြင်း
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ ရှင်းလင်းဆွေးနွေးခြင်း(ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ ရှင်းလင်းဆွေးနွေးခြင်း(ဓါတ်ပုံ- မြန်မာ့ကျောက်မျက်)
၂၀၁၆ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့ထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် (၅၃) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၊ ပြပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အား နည်းချက်များအား ပြန်လည်သုံးသပ် ညှိနှိုင်း အစည်းအဝေးကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း(အစည်းအဝေးခန်းမ)၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရတနာပြပွဲ အထောက်အကူပြု လုပ်ငန်း ကော်မတီများဖြစ်သည့် စီမံရေးရာ လုပ်ငန်းကော်မတီ၊ ကျောက်စိမ်း လုပ်ငန်းကော်မတီ၊ ကျောက်မျက် လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် (၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၊ ပြပွဲဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ်၍ ပိုမို ကောင်းမွန်သော နည်းပညာ၊ နည်းလမ်းကောင်းများဖြင့် ရတနာပြပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm