Tel: 067409019 | Mail: messenger@e-mining.gov.mm
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၌ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ် ခဲ့သည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan)များ ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှု အစီအစဉ် အတိုင်း အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ (EMP)ရေးဆွဲခြင်းကို ဆောင်ရွက်လိုသော ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း/ ကုမ္ပဏီ/ အသင်းများအနေဖြင့် (EMP)ရေးဆွဲခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်သော အချက်အလက်များကို ရယူနိုင်ရန်အတွက် မန်နေဂျင်း ဒါရိုက်တာ/ ဒါရိုက်တာများ၊ ကျွမ်းကျင် ပညာရှင်များ ကိုယ်တိုင် ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊ အဖွဲ့အစည်း/ ကုမ္ပဏီ/ အသင်း၏ Profile နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မှတ်တမ်းနှင့် လိုင်စင်ဌာန (ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော်)သို့ (၉.၈.၂၀၁၆) ရက်နေ့ (၁၆ ၀၀)နာရီ နောက်ဆုံးထား၍ လာရောက် ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၃။ အဖွဲ့အစည်း/ ကုမ္ပဏီ/ အသင်းများ အနေဖြင့် (EMP)ရေးဆွဲ နိုင်ရန်အတွက် ပဏာမ ကွင်းဆင်းစစ်ဆေး ခြင်း (Site Visit) ကို(၁၁.၈.၂၀၁၆) ရက်နေ့မှ (၁.၉.၂၀၁၆) ရက်နေ့အတွင်း ဆောင်ရွက် ရမည်ဖြစ်ပြီး လိုအပ်သည့် လုံခြုံရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းက သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် တင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ သည်။
၄။ ပဏာမကွင်းဆင်းစစ်ဆေး၍ လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင်(EMP) ရေးဆွဲခြင်းကို ဆောင်ရွက် လိုသော အဖွဲ့ အစည်း/ ကုမ္ပဏီ/ အသင်းများအနေဖြင့် သတ်မှတ်ထားသော တင်ဒါ တင်သွင်းခြင်းပုံစံပါအချက် များကို ဖြည့်စွက် ဖော်ပြ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ကျောက်မျက် ရတနာ ပြတိုက်၊ နေပြည်တော်) သို့ (၁၅.၉.၂၀၁၆) ရက်နေ့ (၁၆:၀၀)နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများ တင်သွင်း ရမည် ဖြစ်ပါ သည်။
၅။ အသေးစိတ် သိရှိလိုသည့် အချက်များကို စုံစမ်းခြင်းနှင့် တင်ဒါ တင်သွင်းခြင်းပုံစံ ဝယ်ယူခြင်း၊ တင်ဒါ စည်းကမ်းချက်များ ထုတ်ယူခြင်းတို့ကို မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မှတ်တမ်းနှင့်လိုင်စင်ဌာန (ဖုန်းနံပါတ်- ၀၆၇- ၄၁၄၃၄၀)နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm