Tel: 067409019 | Mail: messenger@e-mining.gov.mm
ရွှေတိဂုံပုံတူရွှေစေတီအား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ရောင်တော်ဖွင့်လုပ်ငန်းပြုလုပ်ပေးခဲ့မှုအခြေအနေ
ရန်ကုန်မြို့ ရွှေတိဂုံစေတီ ရင်ပြင်တော် အင်္ဂါထောင့်တွင် ဉာဏ်တော်အမြင့်(၄၅)လက်မရှိ ရွှေတိဂုံပုံတူရွှေ စေတီတော်ကို ၁၉၉၉ ခုနှစ်တွင် မြန်မာ့ ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ ပြုလုပ်ခဲ့ပြီး တည်ထား ကိုးကွယ် ပူဇော်ခဲ့ ပါသည်။ ရွှေတိဂုံပုံတူ ရွှေစေတီ ပြုလုပ် ဆောင်ရွက် ရာတွင် ရွှေအလေးချိန် (၂၆၆၇.၆၈) ကျပ်သားနှင့် ကျောက်မျက်ရတနာ မျိုးစုံ(၃၂၃၉)ပွင့် အသုံးပြုခဲ့ပါသည်။ ရွှေတိဂုံစေတီ တော်ဂေါပက အဖွဲ့၏ ညှိနှိုင်းမေတ္တာ ရပ်ခံချက်အရ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ၂၀၀၂ ခုနှစ်၊ မတ်လတွင် လည်းကောင်း၊ ၂၀၁၀ခုနှစ်၊ စက်တင်ဘာလတွင် လည်းကောင်း ရောင်တော်ဖွင့်ခြင်း လုပ်ငန်းကို ကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ ပါသည်။ ဆက်လက်၍ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ်၊ဇူလိုင်လ တွင် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ ရောင်းဝယ်ရေး (ကျောက်မျက်) ဌာနနှင့် ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်များ ပူးပေါင်း၍ ရောင်တော်ဖွင့်ခြင်း လုပ်ငန်းဆောင်ရွက် ပေးခဲ့ပါသည်။
ရွှေစေတီမှ အရံစေတီများကို ရောင်တော်ဖွင့်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့ဖြင့်ပြင်ဆင်နေပုံ
အရံစေတီငယ်များကို စက်ဖြင့် ချေးချွတ်အရောင်တင်ပြုလုပ်ပုံ
အရံရွှေစေတီငယ်များအား ရွှေရည်စိမ်ပြုလုပ်ဆောင်ရွက်နေပုံ
ရောင်တော်ဖွင့်ပြီးသော အရံရွှေစေတီငယ်များ ရွှေစေတီ၏ ထီးတော်၊ငှက်ပျောဖူး၊ကြာမှောက်ကြာလန် အပိုင်းအားရောင်တော်ဖွင့်ခြင်း လုပ်ငန်းဆောင်ရွက်နေပုံ ရောင်တော်ဖွင့်ပြီး ကျောက်မျက်ရတနာများ ပြန်လည်တပ်ဆင်နေပုံ ရွှေတိဂုံစေတီရင်ပြင်တော် အင်္ဂါထောင့်တွင် အပူဇော်ခံထားရှိသော ရွှေစေတီအား ရောင်တော်ဖွင့်ပြီး ပြန်လည်တပ်ဆင်ပြီးပုံ
ရောင်တော်ဖွင့်တပ်ဆင်ပြီးသော ရွှေစေတီအား အလှည့်ကျ ဂေါပကအဖွဲ့ဝင်များ၊ အထောက်အကူပြု အဖွဲ့များ ပြန်လည်စစ်ဆေးနေပုံ
ရွှေစေတီတွင်ပါဝင်သော ကျောက်မျက်ရတနာအမျိုးအစားနှင့်ရွှေအလေးချိန် စာရင်းကမ္ဗည်းမှတ်တမ်း 

Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm