Tel: 067409019 | Mail: messenger@e-mining.gov.mm



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ
သတင်းအချက်အလက်များ

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ(၂၀)ရက်နေ့ မှ (၂၉)ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။ ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းတုံးများ၊ သွေးပြီးအချောထည်များ၊ လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ကျောက်ကပ်ပန်းချီကားများ၊ ရွှေထည်ငွေထည်ပစ္စည်းများကို နိုင်ငံခြားငွေ(ယူရို)ဖြင့် ရောင်းချမည်ဖြစ်ပါသည်။

၃။     ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အခြေခံဈေးနှုန်းသတ်မှတ်၍ အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် အောက်ပါအတိုင်း ရောင်းချပါမည်-

စဉ်

ကျောက်မျက်ရတနာ အမျိုးအစား

အိတ်ဖွင့်တင်ဒါစနစ်/ အခြေခံဈေး(ယူရို)

ဈေးပြိုင်စနစ်/ အခြေခံဈေး(ယူရို)

(က) ကျောက်မျက် ၅၀၀ မှ ၂၀၀၀၀ ထိ ၂၀၀၀၁ နှင့်အထက်
(ခ) ကျောက်စိမ်း ၄၀၀၀ မှ ၂၀၀၀၀၀ ထိ ၂၀၀၀၀၁ နှင့်အထက်
(ဂ) ကျောက်စိမ်းအချောထည် ၁၀၀၀ မှ ၂၀၀၀၀၀ ထိ

၄။ ကျင်းပပြီးစီးခဲ့သော ရတနာပြပွဲများတွင် ငွေပေးချေရန် ပျက်ကွက်သဖြင့် အမည်ပျက်စာရင်း တင်သွင်းခြင်းခံရသည့် ပြည်ပရတနာကုန်သည်များမှအပ အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ပြည်ပရတနာကုန်သည်များသည် ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ခွင့်ရှိပါသည်-  
(က) ပြပွဲဗဟိုကော်မတီက ပြပွဲတက်ရောက်ရန် ဖိတ်စာဖြင့် ဖိတ်ကြားခြင်းခံရသူ၊ 
(ခ) ပြည်ပကျောက်စိမ်းအသင်းအဖွဲ့များမှတစ်ဆင့် ဖိတ်စာတောင်းခံရရှိသူ၊ 
(ဂ) သက်ဆိုင်ရာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဖိတ်စာရယူ၍ ပြပွဲတက်ရောက်မည့် သူ၊ 
(ဃ)အဆိုပါ ပြည်ပရတနာကုန်သည်များသည် ကျောက်မျက်ရတနာ အမျိုးအစားအလိုက် ပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့်  အောက်ပါအာမခံစပေါ်ငွေနှုန်းထားအတိုင်း ပေးသွင်း၍ တန်ဖိုးသတ်မှတ်ချက်များအတိုင်း ဝယ်ယူနိုင်ပါသည်-

စဉ်

ကျောက်အတွဲ အမျိုးအစား

အနည်းဆုံးပေးသွင်းရမည့် အာမခံစပေါ်ငွေ(ယူရို)

ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုး(ယူရို)

(၁) ကျောက်မျက် ၁၀၀၀၀ ၂၀၀၀၀၀
(၂) ကျောက်စိမ်း ၅၀၀၀၀ ၁၀၀၀၀၀၀


(င) အနည်းဆုံးပေးသွင်းရန် သတ်မှတ်ထားသော အာမခံစပေါ်ငွေအပေါ် ဝယ်ယူ ခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုးထက် ပိုမိုဝယ်ယူလိုပါက ပိုမိုဝယ်ယူလိုသော တန်ဖိုး၏ (၅) ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် သက်ဆိုင်ရာကျောက်အတွဲ အမျိုးအစားအလိုက် အောက်ပါနေ့ရက်များတွင် အပြီးပေးသွင်းရမည်-

စဉ်

ကျောက်အတွဲ အမျိုးအစား

ရောင်းချမည့်
စနစ်

အာမခံစပေါ်ငွေ ပေးသွင်းရမည့်နေ့ရက်

(၁) ကျောက်မျက် အိတ်ဖွင့်တင်ဒါ/စျေးပြိုင် ၂၁.၁၁.၂၀၁၆ (၁၆:၀၀)နာရီ
(၂) ကျောက်စိမ်း

အိတ်ဖွင့်တင်ဒါ

စျေးပြိုင်

၂၂.၁၁.၂၀၁၆ (၁၆:၀၀)နာရီ

၂၇.၁၁.၂၀၁၆ (၁၆:၀၀)နာရီ

၅။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှစတင်၍ အာမခံစပေါ်ငွေ ပေးသွင်းပြီးသော ပြည်ပ ရတနာကုန်သည်များကို မဏိရတနာကျောက်စိမ်းခန်းမ၊ ရတနာကုန်သည် မှတ်ပုံတင် အဆောက် အအုံတွင် ရတနာကုန်သည် စိစစ်လက်ခံရေးအဖွဲ့က ပြပွဲဝင်ခွင့်ကတ်များ ကြိုတင်ပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၆။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့မှစတင်၍ ပြပွဲဝင်ခွင့်ပုံစံများကို www.mining.gov.mm  နှင့် www.mge.gov.mm တို့မှတစ်ဆင့် Download ရယူ၍ ကြိုတင် ဖြည့်စွက်မှတ်ပုံတင်နိုင်ရန်နှင့် On-line မှတစ်ဆင့် လျှောက်ထားလိုပါက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm, On-line Pre-Registration Systemတွင် ဝင်ရောက်လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ရတနာပြပွဲဝင်ခွင့်ကတ် ပြုလုပ်ရာတွင် အောက်ပါအချက်အလက်များ လိုအပ်မည်ဖြစ်ပါသည်-

(က)  အမည်၊ ရာထူး နှင့် နိုင်ငံကူးလက်မှတ်အမှတ်။

(ခ)  နိုင်ငံသားစိစစ်ရေးကတ်အမှတ်(ပတ်စ်ပို့ထုတ်ပေးသည့်နိုင်ငံ)။

(ဂ)  ကြည်လင်ပြတ်သားသော ပတ်စ်ပို့မိတ္တူ။

(ဃ)  (၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ။

(င)  ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ E-mail။

(စ )  ဝင်ကြေးငွေအမေရိကန်ဒေါ်လာ။

၇။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူမည့် ရတနာကုန်သည်များသည် ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများအတွက် အရောင်းအဝယ်စာချုပ် (Sale Agreement)ပါ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ကျောက်အတွဲတန်ဖိုးကို သတ်မှတ်ရက်အတွင်း ပေးချေ ရပါမည်။ ရတနာကုန်သည်အနေဖြင့် ပြပွဲကာလအတွင်း တန်ဖိုးငွေပေးချေပြီးသော ကျောက်အတွဲကို ကုန်သည်နှင့်အတူတစ်ပါတည်း သယ်ယူလိုပါက သယ်ယူနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၈။ ရတနာပြပွဲတွင် ဝယ်ယူခွင့်ရရှိပြီး တန်ဖိုးငွေပေးချေပြီးသော ကျောက်အတွဲများကို EX Works စနစ်ဖြင့် ဝယ်ယူသူထံတင်ပို့ရန် ဆောင်ရွက်ပေးပါသည်။ ကျောက်အတွဲဝယ်ယူခွင့်ရရှိသော ရတနာကုန်သည်က တန်ဖိုးငွေအပြည့်အဝပေးချေပြီးသည်နှင့် လျင်မြန်စွာတင်ပို့နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိပါသည်။ EX Worksစနစ်ဖြင့် ရောင်းချခြင်းဖြစ်၍ နေပြည်တော်၊ ပြပွဲခန်းမမှ မော်တော်ယာဉ်ပေါ်သို့ တင်ပို့ပေးခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရတနာပြပွဲဗဟိုကော်မတီက တာဝန်ယူဆောင်ရွက်ပေးပြီး ကျန်အပိုင်းများကို ဝယ်ယူသူ သို့မဟုတ် ဝယ်ယူသူ၏ ကိုယ်စားလှယ်ဖြစ်သည့် ပြည်တွင်းအကျိုးဆောင်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်နိုင်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

နိုင်ငံခြားသားရတနာကုန်သည် ဝင်ခွင့်ပုံစံရယူရန်

ပြည်တွင်းရတနာကုန်သည် ဝင်ခွင့်ပုံစံရယူရန်