Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကြည့်ရှုအားပေး
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိစဉ်      (ဓာတ်ပုံ -  မြန်မာ့ကျောက်မျက်)

   ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဒေါက်တာသန်းမြင့်၊  နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုတင်ပြချက် ဗီဒီယိုမှတ်တမ်း ကြည့်ရှုစဉ် (ဓာတ်ပုံ -  မြန်မာ့ကျောက်မျက်)

   ယင်းနောက် ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမ ပထမထပ်ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြပွဲဗဟိုကော်မတီက ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှု တင်ပြချက် ဗီဒီယိုမှတ်တမ်းကို LED Display Boardဖြင့် ရှင်းလင်းတင်ပြသည်။

   ထို့နောက် ဒုတိယသမ္မတသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း၊ ကျောက်မျက်ပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော လက်ဝတ်ရတနာဆိုင်များကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။

မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း၊ ကျောက်မျက်ပြခန်းများနှင့် လက်ဝတ်ရတနာဆိုင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်(ဓာတ်ပုံ -  မြန်မာ့ကျောက်မျက်)

   ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်သော ရတနာပြပွဲသည် (၉၀)ပွဲမြောက်ဖြစ်ကြောင်း သိရသည်။