Tel: 067409019 | Mail: messenger@e-mining.gov.mm
လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP)ရေးဆွဲခြင်းအတွက်
စာချုပ်ချုပ်ဆိုခြင်း
၁။ လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေ၊ သဘာဝ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှု အစီအစဉ် (EMP)ရေးဆွဲခြင်း အတွက် စာချုပ် ချုပ်ဆိုခြင်း ကို (၇.၃.၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ အစည်းအဝေး ခန်းမ ၌ ဆောင်ရွက်ခဲ့ ပါသည်။
၂။ (EMP) ရေးဆွဲခြင်းလုပ်ငန်း သဘောတူ စာချုပ်တွင် Valentis & Coffey ကုမ္ပဏီမှ လုပ်ငန်း လက်ခံသူအဖြစ် လည်းကောင်း၊ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်း အပ်နှံသူ အဖြစ်လည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြပါ သည်။
၃။ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၊ သဘာဝ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှု အစီအစဉ်(EMP) ရေးဆွဲခြင်း အတွက် တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်း ပြည်ပ ကုမ္ပဏီ(၄)ခုက တင်ဒါများ တင်သွင်းခဲ့ ကြပါ သည်။ ပြည်တွင်း ကုမ္ပဏီ(၁)ခုနှင့် ပြည်ပ ကုမ္ပဏီ(၁)ခုတို့က အကြောင်း အမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်း မရှိသည့်အတွက် Valentis & Coffey ကုမ္ပဏီက ဦးဆောင်၍ Geosystems Engineering Myanmar ကုမ္ပဏီနှင့် ပူးပေါင်း ရေးဆွဲ သွားရန် (EMP) တင်ဒါ ရွေးချယ်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ပါသည်။
၄။ လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေ၊ ဇုံ(၁၀)ဇုံ အတွက် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(EMP) ရေးဆွဲခြင်း ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ(၆၄၉၈၄၇)နှင့် ညီမျှသော မြန်မာ ကျပ်ငွေ ဖြစ်ပါသည်။ (မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်သော ငွေလဲလှယ်နှုန်း အရ)။
၅။ Valentis & Coffey ကုမ္ပဏီအနေဖြင့် (EMP)ရေးဆွဲခြင်းကို ယနေ့ စာချုပ် ချုပ်ဆိုသည့်ရက် (၇.၃.၂၀၁၇ ရက်နေ့) မှ စတင်၍ ရက်ပေါင်း (၁၂၀) (၂၈.၇.၂၀၁၇ ရက်နေ့) အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၆။ Valentis & Coffey ကုမ္ပဏီ အနေဖြင့် စာချုပ် ချုပ်ဆိုပြီး သည့် နေ့မှစ၍ လာမည့် ရက်သတ္တပတ် (၃)ပတ်အတွင်း(EMP)ရေးဆွဲနိုင် ရေးအတွက် လိုအပ်သောအချက်အလက်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးမှု များကို စတင် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP)ရေးဆွဲခြင်းအတွက်
စာချုပ်ချုပ်ဆိုခြင်း ဓာတ်ပုံမှတ်တမ်းများ






Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm