Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့

  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၁၉.၃.၂၀၁၇ ရက်နေ့မှ ၂၄.၃.၂၀၁၇ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   ရောင်းချပွဲသို့ ကုမ္ပဏီပေါင်း (၄၇၄)ခုမှ ပြည်တွင်းရတနာကုန်သည် (၁၈၆၅)ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်မျက်ရိုင်း (၁၉၅)တွဲ တင်ပြရောင်းချခဲ့ရာ (၁၃၀)တွဲကို တန်ဖိုးငွေကျပ် (၅၉၇၄.၈၇၇) သန်းဖြင့် ရောင်းချခဲ့ရသည်။ အလားတူ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအသားကျောက် (၄၄၅၄)တွဲ တင်ပြရောင်းချခဲ့ရာ (၄၁၃၇)တွဲကို တန်ဖိုးငွေကျပ် (၅၅၉၄၀.၃၃)သန်းဖြင့် ရောင်းချခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် မဏိရတနာကျောက်စိမ်းခန်းမ၊ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည်မှတ်ပုံတင် အဆောက်အအုံ၌ အရောင်းစာရင်းထုတ်ပြန်ရေးအဖွဲ့၏ ရောင်းချပွဲနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ပေးချက်များအရ သိရသည်။

( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )

 

( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )

 

( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )

 

( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )

 

( ဓာတ်ပုံ - မြန်မာ့ကျောက်မျက် )