Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၉ ခုနှစ်၊ နယုန်လဆန်း (၈)ရက်
၂၀၁၇ ခုနှစ်၊ ဇွန်လ (၂)ရက်
၂။ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်းအတွဲစာရင်း လျှောက်လွှာများကို ၂၀၁၇ ခုနှစ်၊ ဇွန်လ (၆)ရက်မှ (၁၅)ရက်အတွင်း ကျောက်စိမ်းလုပ်ငန်းကော်မတီသို့ လာရောက် လျှောက်ထားရပါမည်။
၃။ ရတနာပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်စိမ်း၊ကျောက်မျက်အတွဲများကို ၂၀၁၇ခုနှစ်၊ ဇွန်လ(၂၂)ရက် မှ ဇူလိုင်လ(၁၇)ရက်အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၄။ ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့်လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။
၅။ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများပေးသွင်းရမည်ဖြစ်ပါသည်။
၆။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်မှ (၁၈)ရက်အထိ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိုးကုတ်မြို့တို့တွင် စီမံရေးရာလုပ်ငန်းကော်မတီရုံးခွဲများ ဖွင့်လှစ်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ပြည်တွင်းရတနာကုန်သည်များကို ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၇။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်းကော်မတီရုံးတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၈။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်မှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ ပြပွဲဝင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေစေရေးအတွက် ပြပွဲဝင်ခွင့်ပုံစံများကို www.mining.gov.mm နှင့် www. mge. gov.mm တို့မှတစ်ဆင့် Download ရယူ၍ ကြိုတင်ဖြည့်စွက် မှတ်ပုံတင်နိုင်ပါသည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm, On-line Pre-Registration System တွင် ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။
၉။ ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)၊ ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး) နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန(စခန်းရုံး)များတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm