Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကြိုတင်ပြင်ဆင်နေမှုလုပ်ငန်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုစစ်ဆေး
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့
ရတနာပြပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၈.၇.၂၀၁၇ ရက်နေ့ တွင် ပြပွဲကျင်းပမည့် မဏိရတနာ ကျောက်စိမ်းခန်းမသို့လာရောက်၍ ရတနာပြပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်နှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရတနာပြပွဲ၌ တင်ပြရောင်းချမည့် ကျောက်စိမ်းအတွဲများ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြပွဲဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း(၃၂၆)တွဲကို အခြေခံဈေးယူရို(၁၃.၀၁၆)သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း(၆၅၆၁)တွဲကို အခြေခံဈေးယူရို (၁၉၅.၇၈၃)သန်းဖြင့်လည်းကောင်း တင်ပြ ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်တွင်း၊ပြည်ပရတနာကုန်သည်များ မှတ်ပုံတင်ခြင်းကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံတွင် ၂၀.၇.၂၀၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm