Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယမြောက်နေ့ ဆက်လက်ကျင်းပပြုလုပ်
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယမြောက်နေ့ကို ၄.၈.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပါသည်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် ရတနာပြပွဲကျင်းပရာ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအား ကြည့်ရှုစစ်ဆေးလျက်ရှိသည်ကို တွေ့ရသည်။
ရတနာကုန်သည်များ ကျောက်မျက်အတွဲများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာ (Bidding Form)များကို တင်ဒါပုံးများတွင် ထည့်သွင်းခြင်းများဆောင်ရွက်နိုင်ရန် ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ဩဂုတ်လ ၅ ရက်နေ့တွင် အခြေခံဈေး ယူရို (၅၀၀) နှင့်အထက် သတ်မှတ်ထားသည့် ကျောက်မျက်အတွဲများအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm