Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အကြိမ် (၂၀)နှင့်အထက် တက်ရောက်ခဲ့ကြသော ပြည်ပရတနာကုန်သည်များကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (သတ္တမမြောက်နေ့)ကို ၈.၈.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိပါသည်။
၈.၈.၂၀၁၇ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ အကြိမ် (၂၀)နှင့်အထက် တက်ရောက်ခဲ့ကြသော ပြည်ပရတနာကုန်သည်များကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ (၅၄)ကြိမ်မြောက် ရတနာပြပွဲသို့ အကြိမ် (၃၀)မြောက် တက်ရောက်လာသူ (၁)ဦးနှင့် (၂၅)ကြိမ်မြောက် တက်ရောက်လာသူ (၁)ဦးတို့အား မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းကလည်းကောင်း၊ အကြိမ် (၂၀)မြောက် တက်ရောက်လာသူ (၂)ဦးအား မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်ကလည်းကောင်း ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယနေ့ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်းရတနာကုန်သည် (၁၈၃၆)ဦး၊ ပြည်ပရတနာကုန်သည် (၃၄၆၄)ဦး၊ စုစုပေါင်းရတနာကုန်သည် (၅၃၀၀)ဦး တက်ရောက်ခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း (၁၁၀၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချခဲ့ရာ အတွဲပေါင်း (၈၅၇) တွဲကို တန်ဖိုးယူရို (၇၈.၄၂)သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။
၉.၈.၂၀၁၇ ရက်နေ့တွင် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm