Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၂.၈.၂၀၁၇ ရက်နေ့မှ ၁၁.၈.၂၀၁၇ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရတနာပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် (၃၄၆၆)ဦးနှင့် နိုင်ငံသားရတနာကုန်သည် (၁၈၄၅)ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်မျက်အတွဲ (၃၂၆)တွဲတင်ပြရောင်းချခဲ့ရာ (၁၀၅)တွဲကို ယူရို (၃.၀၆၈)သန်း ဖြင့်ရောင်းချခဲ့ရသည်။ အလားတူ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲ (၆၅၆၁)တွဲကို တင်ပြရောင်းချခဲ့ရာ (၅၀၉၂)တွဲကို ယူရို (၅၁၅.၇၅၆)သန်းဖြင့် ရောင်းချခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် မဏိရတနာကျောက်စိမ်းခန်းမ၊ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည်မှတ်ပုံတင်အဆောက်အအုံ၌ အရောင်းစာရင်း ထုတ်ပြန်ရေးအဖွဲ့၏ ရတနာပြပွဲနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ပေးချက်များအရ သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm