Tel: 067409019 | Mail: messenger@e-mining.gov.mm



ခိုင်နန်းရွှေကျောက်မျက်ကုမ္ပဏီ၊ ရာစုပန်းတိုင်ကျောက်မျက် ကုမ္ပဏီနှင့် ဇမ္ဗူသီရိကျောက်မျက်ကုမ္ပဏီတို့မှ
ခန္တီးမြို့ ရေဘေးသင့်သည့်ပြည်သူများအား ဆန်အိတ်(၃၀၀)လှူဒါန်းခြင်း

             ခန္တီးမြို့ ကယ်ဆယ်ရေး စခန်းများရှိ ရေးဘေးသင့် ဒေသခံ ပြည်သူများကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခန္တီးမှ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကျောက်စိမ်း တူးဖော်ရေး ဌာန(စခန်းရုံး) ခန္တီးမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးထွန်းဝေ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ၊ မီးသတ် တပ်ဖွဲ့ဝင်များ တို့ဖြင့် (၂၀.၈.၂၀၁၇) ရက်နေ့တွင် အိမ်ထောင်စု တစ်စုလျှင် (၆)ပြည်နှုန်း ဖြင့် သွားရောက် လှူဒါန်းခဲ့ ပါသည်။

လှူဒါန်းမှု ဓာတ်ပုံမှတ်တမ်းများ

ဇီးဖြူကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း ကယ်ဆယ်ရေးစခန်းရှိ  ပြည်သူများအား လှူဒါန်းပုံ

မြသိန်းတန်ဘုရား ဓမ္မာရုံ ကယ်ဆယ်ရေးစခန်းရှိ  ပြည်သူများအား လှူဒါန်းပုံ

ပေါမိုင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအား လှူဒါန်းပုံ