Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ကြည့်ရှုအားပေး
နေပြည်တော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ကြီးမှူး ကျင်းပ ပြုလုပ်သည့် ၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်မျက်ရတနာများ စတင်ခင်းကျင်း ပြသရောင်းချခြင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့ (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) နှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲ လုပ်ငန်းကော်မတီတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမ ပထမထပ်ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ခဲ့မှုတင်ပြချက် ဗီဒီယိုမှတ်တမ်းကို LED Display Board ဖြင့် ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း၊ ကျောက်မျက်ပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော ရတနာဆိုင်များကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm