Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

နေပြည်တော်

   ၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း ရတနာကုန်သည် (၁၅၆၄) ဦး၊ ပြည်ပ ရတနာကုန်သည် (၂၈၅၂) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၄၄၁၆) ဦး တက်ရောက်ခဲ့ကြပါသည်။

   ကျောက်စိမ်းအတွဲပေါင်း (၁၁၅၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချခဲ့ရာ အတွဲပေါင်း (၈၁၃)တွဲကို တန်ဖိုးယူရို(၅၀.၀၁၉) သန်းဖြင့် ရောင်းချခဲ့ရပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်