Tel: 067409019 | Mail: messenger@e-mining.gov.mm
အိန္ဒိယ ကြည်းတပ်ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် (Director General of Military Intelligence) ဖြစ်သူ Lieutenant General Arvind Dutta, AVSM, VSM ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြည့်ရှု
၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့
အိန္ဒိယ ကြည်းတပ်ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် (Director General of Military Intelligence) ဖြစ်သူ Lieutenant General Arvind Dutta, AVSM, VSM ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်)သို့ (၁၅.၃.၂၀၁၈)ရက်နေ့ (၀၉:၅၀) နာရီအချိန်တွင် လာရောက် လေ့လာ ကြည့်ရှုခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြပါသည်။ အိန္ဒိယ ကြည်းတပ်ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် (Director General of Military Intelligence) ဖြစ်သူ Lieutenant General Arvind Dutta, AVSM, VSM ၏ ဇနီးက ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် “အလွန်တရာ ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိ လေ့လာခွင့်ရသည့်အတွက် မြန်မာနိုင်ငံသားများကိုယ်စား ဝမ်းမြောက် ဂုဏ်ယူမိပါတယ်၊ တကယ့်ကို ကျေနပ်နှစ်သက်ဖွယ် ခမ်းနားတဲ့ အနုပညာလက်ရာများကို ပြသထားသည့် နေရာတစ်ခုဖြစ်ပါတယ်"ဟု မှတ်ချက်ပြုရေးသားခဲ့ပါသည်။ ဓာတ်ပုံ - မြန်မာ့ကျောက်မျက် ဓာတ်ပုံ - မြန်မာ့ကျောက်မျက် ဓာတ်ပုံ - မြန်မာ့ကျောက်မျက် ဓာတ်ပုံ - မြန်မာ့ကျောက်မျက် ဓာတ်ပုံ - မြန်မာ့ကျောက်မျက် ဓာတ်ပုံ - မြန်မာ့ကျောက်မျက် ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
နေပြည်တော်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm