Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ပုလဲအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန် လ ၂၁ ရက်

  ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းရတနာ ကုန်သည် (၁၁၄၅) ဦး၊ ပြည်ပရတနာကုန်သည် (၂၉၃၀) ဦး၊ စုစုပေါင်း ရတနာကုန်သည် (၄၀၇၅) ဦးတက်ရောက်ခဲ့ကြပါသည်။

  ၂၀.၆.၂၀၁၈ ရက်နေ့ မှ ၂၁.၆.၂၀၁၈ ရက်နေ့ထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း (၃၆၀)တွဲကို ရောင်းချခဲ့ရာ အတွဲပေါင်း (၃၄၁) တွဲကို တန်ဖိုးယူရို(၂.၅၉၈) သန်းဖြင့် ရောင်းချခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်